စာရေးသူ

အားလုံးမြင်နိုင်ရန်
Monica La Rose

မိုနီကာလာရို့စ်

မိုနီကာ (ဘရန်းစ်) (Monica Brands)သည် Illinois ပြည်နယ်၊ Palos Heights မြို့ရှိ Trinity Christian College တွင် အင်္ဂလိပ်ဘာသာရပ်နှင့် ဓမ္မပညာများကို ဆည်းပူးခဲ့သည်။ ထို့နောက် Michigan ပြည်နယ်၊ Grand Rapids မြို့ရှိ Calvin Seminary ကျမ်းစာကျောင်းမှ မဟာဘွဲ့ (ဓမ္မပညာ)ကို ဆွတ်ခူးခဲ့သည်။ ၂၀၁၉ ခုနှစ် အောက်တိုဘာလ တွင် သူမသည် ဂီတပညာရှင်နှင့် လျှပ်စစ်အင်ဂျင်နီယာတစ်ဦး ဖြစ်သော ဘန်း လာရို့စ် (Ben La Ros)နှင့် လက်ထပ်ခဲ့သည်။ သူတို့ဇနီးမောင်နှံသည် မိတ်ဆွေများ၊ မိသားစုဝင်များ၊ သူတို့၏ Heathcliff နှင့် Mystique ဟုခေါ်သော ကြောင်နှစ်ကောင်နှင့် အတူရှိသောအချိန်ကို သူအလွန်တန်ဖိုးထားသည်။

စာမူ/ အကြောင်းအရာ များ မိုနီကာလာရို့စ်

ချစ်ခြင်းမေတ္တာနှင့်ငြိမ်သက်ခြင်း

အလွန်မှအစွမ်းတန်ခိုးနှင့်ပြည့်ဝပြီး “ကြံ၍မမီနိုင်သောငြိမ်သက်ခြင်း’’ (ဖိ ၄း၇) ကို တွေးမိတိုင်း ကျွန်မ အလွန်အံ့သြမိသည်။ စိတ်ထိခိုက်နာကျင်မှုကို ခံစားရသည့်အခါ တစ်ဦးတစ်ယောက်က ထိုငြိမ်သက်ခြင်း နှစ်သိမ့်မှုကို ပေးနိုင်ပါမည်လား။ မကြာမီက ဖခင်ကြီး၏သတိရအောက်မေ့ခြင်း ဝတ်ပြုသည့်အချိန်တွင် ထိုငြိမ်သက်ခြင်းကို ကျွန်မ ခံစားခဲ့ရသည်။ ရင်းနှီးသောမိတ်ဆွေများက တန်းစီလျက် သူတို့၏ဝမ်းနည်းခြင်းကို ဖော်ပြလျက် ကျွန်မကိုနှုတ်ဆက် ကြစဉ် ကျွန်မ၏ကျောင်းနေဖက် သူငယ်ချင်းတစ်ယောက် ကိုလည်း တွေ့လိုက်ရသဖြင့် ကျွန်မစိတ်သက်သာရာ ရခဲ့သည်။ သူက စကားတစ်ခွန်းမျှမပြောဘဲ ကျွန်မကို ဝက်ဝံကြီးတစ်ကောင်ကဲ့သို့ ဖက်ထားသည်။ စာနာ နားလည်မှု အပြည့်ဖြင့် သူ၏အပြုအမူသည် စိတ်မကောင်း ဖြစ်လျက်နာကျင်နေချိန်၌ ငြိမ်သက်မှုကို ပထမဆုံး ခံစားရ စေပြီး၊ မိမိထင်သလို တစ်ယောက်တည်း အထီးကျန်နေခြင်း မဟုတ်ကြောင်းကို သတိပေးနေသည်။

ဆာလံ ၁၆ တွင် ဒါဝိဒ်မင်းကြီးဖော်ပြသကဲ့သို့ ကျွန်မတို့၏ဘဝထဲသို့ ဘုရားသခင်ယူဆောင်လာသော ငြိမ်သက်ခြင်းနှင့် ဝမ်းမြောက်ခြင်းသည်…

သန်းခေါင်ယံညအတွက်သီချင်း

ကျွန်မဖခင်၏အသက်တာသည် တောင့်တမျှော်လင့်ခြင်းသဘောကို သရုပ်ဖော်သည်။ သူသည် ပါကင်ဆန် ရောဂါဝေဒနာကြောင့် စိတ်နှင်ရုပ်ခန္ဓာကိုယ် ဖြည်းဖြည်းချင်း ချိနဲ့လာသော်လည်း စုံလင်ပြည့်စုံသော လူတစ်ယောက်အဖြစ် သူမျှော်လင့်ခဲ့သည်။ ငြိမ်သက်ခြင်းကို သူမျှော်လင့်ခဲ့သော်လည်း စိတ်ဓာတ်ကျမှု၊ ဒဏ်ရာများ၏ဖိစီးညှဉ်းပန်းမှု ကို ခံစားခဲ့ရသည်။ ချစ်ခင်မြတ်နိုးခြင်းများကို သူမျှော်လင့်ခဲ့ သော်လည်း တစ်ခါတစ်ရံတွင် လုံးဝအထီးကျန်ခြင်းကို ခံစားခဲ့ ရသည်။

သူ့အနှစ်သက်ဆုံး ၄၂ ခုမြောက်သော ဆာလံကို ဖတ်ရှုသောအခါ အထီးကျန်မှု လျော့သွားကြောင်း သူ့ကိုယ်သူ သိသည်။ အဖေ့ကဲ့သို့ပင် ဆာလံဆရာသည်လည်း ပြင်းပြ သော တောင့်တမှုနှင့် သက်သာခြင်းကို ဆာငတ်မှုများကို သိသည် (း၁-၂)။ ထိုဝမ်းနည်းမှုများသည် ပျောက်ကွယ် မသွားကြောင်း အဖေ့နည်းတူ သူသိသည် (း၃)။ စစ်မှန်သော ၀မ်းမြောက်ချိန်များသည် အဝေးမှာ၊ မှတ်ဉာဏ်၌ ခပ်ရေးရေးသာ ထင်ကျန်သည်(း၆)။ ရုန်းရင်း ဆန်ခတ်မှုနှင့် နာကျင်မှုလှိုင်းလုံးများ ဝင်ရောက်လာသောအခါ ဘုရားရှင်စွန့်ပစ်သွား…

ကြောက်မက်ဖွယ်အရာများနှင့် လှပသောအရာများ

ကြောက်လန့်ခြင်းက ကျွန်မတို့ကို ခဲတောင့်သွားစေသည်။ အတိတ်က မိမိကို နာကျင်စေ ခဲ့သောအရာများ၊ နောက်တစ်ဖန် အလွယ်တကူ ထပ်မံ၍ ဖြစ်ပေါ်ခံစားရစေနိုင်သည့် ကိစ္စများ စသည်ဖြင့် ကြောက်လန့်စရာများကို ကျွန်မတို့သိသည်။ ထို့ကြောင့် တစ်ခါ တစ်ရံ ကျွန်မတို့သည် ချောင်ပိတ်မိသကဲ့သို့ နောက်လည်း မဆုတ်သာ၊ ကြောက်စိတ် ကြောင့် ရှေ့တိုးရန်လည်းခက် ဖြစ်ခဲ့ရသည်။ ထိုသို့ ထိခိုက် နာကျင်မှု ထပ်မံဖြစ်လာပါက ကျွန်မ မဖြေရှင်းတတ်ပါ။ ကျွန်မသည် ပါးနပ်မှုလည်းမရှိ၊ ခွန်အားလည်း မပြည့်ဝ၊ သတ္တိလည်း အလုံအလောက် မရှိပါ။

ဤတွင် စာရေးဆရာကြီး ဖရက်ဒရစ် ဘုခ်ျနာ၏ ဘုရားသခင်၏ကျေးဇူးတော်ကို ညင်သာသောလေသံဖြင့် ဖော်ပြရေးသားထားသည့်စာသားများက ကျွန်မကို ညှို့ယူ ဖမ်းစားသည်။ “ဤကမ္ဘာကြီး၌ ကြောက်မက်ဖွယ်အရာများနှင့် လှပသောအရာများသည် ရောပြွန်းဖြစ်ပေါ်လျက် ရှိသည်။ ကြောက်ရွံ့ခြင်း မရှိနှင့်။ ငါသည် သင်တို့နှင့်အတူရှိသည်။”

ကြောက်မက်ဖွယ်အရာများ ဖြစ်ပျက်ပါလိမ့်မည်။…

မိတ်ဆွေများအဖို့

Emily Bronte ၏ Wuthering Heights ဝတ္ထုတွင် သူတစ်ပါးကို အပြစ်တင်ရန် သမ္မာကျမ်းစာကို ကိုးကားတတ်သည့် ဘုကန့်လန့် အမျိုးသားတစ်ဦးအား ‘‘ကျမ်းစာကို မွေနှောက်၊ မိမိကိုယ်ကိုအမွမ်းတင်၊ သူတစ်ပါးကိုဖြင့် အပြစ်တင်၊ သွားပုတ် လေလွင့် ပြောတတ်သော၊ စိတ်ပျက်ဖွယ် တစ်ကိုယ်ကောင်းသမား ဖာရိရှဲ” ဟုဖော်ပြထားသည်။

ရယ်စရာဖြစ်သော်လည်း ထိုသို့သောသူ တစ်ဦးဦးကို သင်တွေးကောင်း တွေးမိမည်။ သို့သော် ကျွန်ုပ်တို့လည်း အနည်းနှင့်အများ ထိုသူကဲ့သို့ပင် မိမိကိုယ်ကို ဆင်ခြင်ပေး ခွင့်လွှတ်ပြီး သူတစ်ပါးကိုမူ ပြစ်တင်ရှုတ်ချတတ်သည် မဟုတ်ပါလား။

နှုတ်ကပတ်တော်ထဲမှ လူအချို့သည် ထိုကဲ့သို့ မဟုတ်ဘဲ အံသြဖွယ်ကောင်းလောက်အောင် ၎င်းနှင့် ဆန့်ကျင်ဘက်အရာကို ပြုကြသည်။ သူတစ်ပါးကို ကယ်တင်နိုင်မည်ဆိုပါက ဘုရားရှင် သူတို့အား ပေးထားသောကတိတော်များကို စွန့်လွှတ်ကာ မိမိကိုယ်ကိုပင် အကျိန်ခံဝံ့ကြသည်။ ဣသရေလအမျိုး၏အပြစ်ကို ဘုရားရှင် ခွင့်မလွှတ် ပါက သူ့နာမကို…

အနာငြိမ်းခြင်းရေ

မိုးကြိုးမုန်တိုင်းကို ကျွန်မ အမြဲတမ်းသဘောကျသည်။ ကလေးဘဝက မယုံနိုင် လောက်အောင် ဝုန်းခနဲဒိုင်းကနဲ မိုးကြိုးပစ်ပြီး၊ မိုးစက်မိုးပေါက်ကြီးများ ရွာချလျှင် ကျွန်မတို့ မောင်နှမများ မိုးရေထဲ ပြေးလွှားဆော့ကစားကြသည်။ အိမ်ဘေး၌ ဗွက်အိုင် လုပ်ပြီး ခြေချော်လိုက်၊ လျှောဆင်းလိုက်နှင့်ကစားကြသည်။ အိမ်ထဲပြန်ဝင်ရန် အချိန် ရောက်သောအခါ ကျွန်မတို့သည် ရေစိုရွှဲနေသည့် ကြွက်စုတ် ပမာ ဖြစ်တော့သည်။

မိနစ်အနည်းငယ်မျှသာဖြစ်သော်လည်း ကျွန်မတို့ အလွန်ပျော်ရွှင်လျက် စိတ်လှုပ်ရှားခံစားခဲ့ရသည်။ အားကြီး ပြင်းထန်သည့်လေနှင့်မိုး၏ လွှမ်းမိုးမှု၌ နစ်မြှုပ်နေ၍ ကျွန်မတို့ ပျော်နေခြင်းလား၊ ကြောက်နေခြင်းလား ဆိုသည်ကို မသိ တော့ပါ။

ဆာလံ ၁၀၇ တွင် ဘုရားသခင်၏ ပြန်လည် ငြိမ်ဝပ် စေလျက် တည်ဆောက်ပေးသည့်အမှုကို သွေ့ခြောက်သော ကန္တာရအား အိုအေစစ်အဖြစ် ပြောင်းလဲစေသည့် အမှုနှင့် နှိုင်းခိုင်းထားသည်ကို (း၃၅) ဖတ်ရင်း အထက်ပါမြင်ကွင်းကို ကျွန်မစိတ်ထဲ ပြန်မြင်ယောင်မိသည်။…

အကောင်းဆုံးသော မစုံလင်ခြင်း

အပြစ်ပြောစရာမရှိအောင် အကောင်းဆုံးလုပ်ဆောင်လိုစိတ်ကြောင့် လုပ်ငန်း နှောင့်နှေး ရခြင်းအပေါ် ကျွန်မ၏တက္ကသိုလ်မှပါမောက္ခကြီးက ကျွန်မကို အကြံပြုချက်အချို့ပေးပါ သည်။ “အပြစ်အနာဆာကင်းတဲ့ပြည့်စုံခြင်းက ကောင်းမွန်ခြင်းကို မထိခိုက်စေနှင့်” ဟု ဆိုပါသည်။ အပြစ်ပြောစရာမရှိအောင် ကြိုးစားလွန်းလျှင် အလုပ်တိုးတက်မှုကို အဟန့်အတား ဖြစ်စေသည်ဟု သူက ရှင်းပြသည်။ ကျွန်မ၏ အလုပ်က အားနည်းချက်ရှိနေမှာဟု လက်ခံလိုက်ခြင်းဖြင့် ကျွန်မကို လွတ်လပ်စေပြီး တိုးတက်မှုကိုလည်း ဖြစ်စေသည်။

မိမိဘာသာ အကောင်းဆုံး ကြိုးစားလုပ်ဆောင် နေလျှင် သခင်ခရစ်တော်၏မစမှုကို လိုအပ်ကြောင်း မမြင်နိုင်ဘဲ ဖြစ်တတ်သည်ဟု တမန်တော်ကြီး ရှင်ပေါလုက မိမိဘာသာ အကောင်းဆုံးအားထုတ်မှု၏ နောက်ဆက်တွဲ အကျိုးဆက်ကို ရှင်းပြသည်။

ရှင်ပေါလုသည် ထိုအချက်ကို ခက်ခဲစွာ လေ့လာသင်ယူခဲ့ရသည်။ နှစ်ပေါင်း များစွာ ဘုရားသခင်၏ပညတ်တရားများကို တိကျစွာ လိုက်နာကျင့်သုံးလာပြီးကာမှ သခင် ယေရှုနှင့်ထိပ်တိုက်တွေ့ဆုံပြီးနောက်ပိုင်း အရာအားလုံးတို့သည် ပြောင်းလဲကုန်သည် (ဂလာ ၁း၁၁-၁၆)။ သူ၏ကြိုးစားလုပ်ဆောင်မှုများသည်…

အရှုပ်ထုပ်ထဲမှကောင်းချီးမင်္ဂလာ

‘‘ဒီအရှုပ်ထုပ်ထဲရောက်အောင် ငါပဲလုပ်တာ၊ ဒါကြောင့် ဒီကနေရုန်းထွက်ဖို့ ငါဘာသာငါပဲ ကြိုးစားဖို့ကောင်းတယ်’’ဟု ကျွန်ုပ်တွေးတတ်ကြောင်း ကိုယ့်ကိုယ်ကိုယ် သတိပြုမိသည်။ ကျေးဇူးပြုတော်မူသော ဘုရားသခင်ကို ကျွန်ုပ်ယုံကြည်သော်လည်း မိမိနှင့်ထိုက်တန်မှ ကိုယ်တော်ကူညီပေးမည့်အလား ယခုထိတိုင် ကျွန်ုပ် ပြုမူနေဆဲဖြစ်သည်။

ဤသို့ ပြုမူခံစားရခြင်းက မမှန်ကန်ကြောင်း ယာကုပ်ကို ဘုရားသခင် ပထမဆုံးတွေ့ဆုံသည့် အဖြစ်အပျက်က လှလှပပ သရုပ်ဖော်ပြသည်။

ယာကုပ်သည် သူ့ဘဝတစ်လျှောက် သူ၏ကံကြမ္မာကို ပြောင်းလဲရန် ကြိုးစားရင်း အချိန်ကုန်နေခဲ့သည်။ သားဦးသာ ဖခင်ထံမှ ကောင်းချီးကို ရရှိခံစားရသည်၊ သားဦးသာလျှင် အနာဂတ်၌ ကြွယ်ဝမှုကို အာမခံနိုင်သည်ဟု ယုံကြည်ခံယူ သည့် ခေတ်ကာလ၌ ဒုတိယသားအဖြစ် သူမွေးဖွားခဲ့သည်။

ထို့ကြောင့်ဖခင်ထံမှ ကောင်းချီးကိုရရန် မည်သည့် နည်းနှင့်မဆို၊ ဘာပဲ လုပ်ရလုပ်ရလုပ်မည်ဟု ဆုံးဖြတ်ထား သည်။ နောက်ဆုံး၌ သူ့အစ်ကိုအတွက် ရည်စူးထားသည့် ကောင်းချီးကို လှည့်ဖျားရယူလိုက်ပြီး သူ့အကြံအောင်မြင်ခဲ့သည် (က…

လွတ်လပ်ပေါ့ပါးစွာ နောက်တော်သို့လိုက်

အထက်တန်းကျောင်းတက်စဉ်က တောလမ်းခရီးကြမ်းအပြေးပြိုင်ပွဲအတွက် ကျွန်မကို လေ့ကျင့်ပေးသည့်နည်းပြက ပြိုင်ပွဲမတိုင်မီ ‘‘ဦးဆောင်ပြေးတဲ့သူဖြစ်ဖို့ ဘယ်တော့မှမကြိုးစားနဲ့၊ ဦးဆောင်သူဟာ အလွယ်တကူ မောဟိုက်သွားတတ်တယ်’’ ၊ ဦးဆောင် ပြေးခြင်းထက် အမြန်ဆုံးအားကစားသမား၏နောက်၌ ထပ်ချပ်မကွာလိုက်ပါသင့်ကြောင်း အကြံပေးလမ်းညွှန်ခဲ့သည်။ ရှေ့မှဦးဆောင်သူအားဖြင့် အမြန်နှုန်းကို ချိန်ဆနိုင်ပြီး ပန်းဝင်သည်အထိ လိုအပ်သော စိတ်ဓာတ်နှင့် အင်အားပမာဏအစွမ်းတို့ကို ထိန်းနိုင်ခဲ့သည်။

ခေါင်းဆောင်မှုသည် ပင်ပန်းနွယ်နယ်စေသည်။ နောက်လိုက်ခြင်းက ပို၍ လွတ်လပ်သည်။ ၎င်းကို သိခြင်း ကြောင့် ကျွန်မ၏အပြေးလေ့ကျင့်မှု  တိုးတက်ခဲ့သော်လည်း ခရစ်ယာန်တပည့်တော်အဖြစ် လေ့ကျင့်ပျိုးထောင်မှု အတွက်ပါ အကျိုးသက်ရောက်မှုရှိကြောင်းကို သိနားလည် ရန်မှာ အချိန်ပိုကြာခဲ့သည်။ ကျွန်မ၏အသက်တာ၌ ခရစ်တော်၌ ယုံကြည်သူသည်  အလွန့်အလွန်  ကြိုးစားရမည် ဟု တွေးမိခဲ့သည်။ ခရစ်ယာန်တစ်ယောက်သည် မည်သို့မည်ပုံဖြစ်ရမည်ဟူ၍ ရှိအပ်သောအရည်အသွေးများရှိအောင် ကြိုးစားအားထုတ်ရင်း မောပန်းလာကာ သခင့်နောက်သို့ ရိုးရိုးလေးလိုက်လျှောက်ခြင်းဖြင့် ခံစားတွေ့ကြုံရသော ၀မ်းမြောက်မှုနှင့် လွတ်လပ်ခြင်း၏ အနှစ်သာရကိုအမှတ်တမဲ့နှင့် မရည်ရွယ်ဘဲ…

အမည်မဖော်လိုသောသူ၏ ကြင်နာမှု

ကျွန်မဘွဲ့ရပြီးခါစ စားသောက်ကုန်များ ဝယ်ယူလျှင် ဘတ်ဂျက်နှင့်ချိန်ကိုက်၍ ဝယ်ရသည်။ အတိအကျပြောရလျှင် တစ်ပတ်ကို ၂၅ ဒေါ်လာသာ သုံးပါသည်။ တစ်ခါက ပစ္စည်းများ
သွားဝယ်ပြီး ငွေရှင်းရန် ပြင်နေချိန်၌ ပစ္စည်းတန်ဖိုးသည် ကျွန်မ၏လက်ကျန်ငွေထက် အနည်းငယ်ပိုနေမည်ဟု သံသယဖြစ်မိသည်။ ထို့ကြောင့် ငွေရှင်းကောင်တာမှ ဝန်ထမ်းအား “ဒေါ်လာ ၂၀ ဖိုး ပြည့်ရင် ရပ်ပေးပါ” ဟု ပြောလိုက်သည်။ ငရုတ်သီးထုပ်မှလွဲ၍ ရွေးထားသော ပစ္စည်းများအားလုံးကို ဝယ်ဖြစ်ခဲ့သည်။

အိမ်ပြန်ရန် ကားမောင်းထွက်တော့မည့်ဆဲဆဲ အမျိုးသားတစ်ယောက်က ကားကိုရပ်ခိုင်းပြီး “ဒီမှာ အစ်မရဲ့ ငရုတ်သီးထုပ်” ဟုပြောကာ အထုပ်ကို လှမ်းပေးသည်။ သူ့ကို
ကျေးဇူးမတင်ရသေးမီ ထိုသူ ပြန်လှည့်ထွက်သွားသည်။

ထိုရိုးရှင်းသောကြင်နာမှုလေးသည် ကျွန်မစိတ်နှလုံးကို
နွေးထွေးစေပြီး မဿဲ ၆ မှ သခင်ယေရှု၏နှုတ်တော်ထွက် စကားများကို အောက်မေ့သတိရမိစေသည်။ အခြားသူများ၏ အချီးအမွမ်းကို ခံယူလို၍ လှူတန်းကြသူများကို…

ရှင်သန်ရခြင်း၏ အကြောင်းအရင်း

ယခုတစ်လော ငွေကြေးကိစ္စနှင့်ပတ်သက်ပြီး အကြံပြုသည့်စာအုပ်များကို အပေါ်ယံ လှန်လှောဖတ်ကြည့်ရာ စိတ်ဝင်စားဖွယ်ကောင်းသည့်အချက်တစ်ချက်ကို သတိပြုမိ သည်။ ထိုစာအုပ်တိုင်းလိုလို၌ ကောင်းသောအကြံပြုချက်များပါရှိပြီး အသုံးစားရိတ် လျော့ချ ရခြင်း၏အခြေခံအကြောင်းရင်းမှာ နောက်ပိုင်း သန်းကြွယ်သူဌေးကဲ့သို့ နေထိုင်ရန် အတွက်ဖြစ်သည်ဟု စာအုပ်အများစုက သွယ်ဝိုက်ညွှန်းဆို ကြသည်။ သို့သော် စာအုပ်တစ်အုပ်မှာမူ တစ်မူကွဲပြားသောအမြင်သစ်ရှုထောင့်တစ်ခုကို တင်ပြထားသည်။ ချမ်းသာကြွယ်ဝသောဘ၀အတွက် ရိုးရိုးသားသား နေထိုင် ရှင်သန်ခြင်း က မုချလိုအပ်ကြောင်း၊ ၀မ်းမြောက်မှုခံစားရရှိရန် ပစ္စည်း အမျိုးမျိုး သင်လိုအပ်နေပါက ‘‘သင်သည် ဘ၀ရှင်သန်ရသည့် အကြောင်းအရင်းနှင့် လွဲချော်နေပြီ’’ဟု ထိုစာအုပ်က အကြံပြု တင်ပြထားသည်။

အစ်ကိုအား အမွေခွဲပေးရန် ပြောပေးပါဟု လူတစ်ဦးသည် ရှင်ယေရှုကို တောင်းဆိုသည်။ ထိုသူကို သခင် ပြန်လည်တုံ့ပြန်ပုံအကြောင်း ကျွန်ုပ်စိတ်ထဲပေါ်လာသည်။ ကိုယ်ချင်းစာ သနားမည့်အစား သခင်ယေရှုက ပြတ်ပြတ်သားသား ငြင်းလိုက်ကာ ‘‘စည်းစိမ်၌ အသက်မတည်’’ ခြင်းကြောင့် (လု ၁၂း၁၄-၁၅)၊ ‘‘လောဘ…